Showing posts with label အလွမ်းရွာကလေး. Show all posts
Showing posts with label အလွမ်းရွာကလေး. Show all posts

Monday, December 3, 2007

ဧရာဝတီမြစ်ကမ်းနံဘေးက အလွမ်းရွာကလေး

ကျွန်တော်ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ “ရေချမ်းစင်” ဆိုတဲ့ ရွာလေးမှာမွေးဖွား ခဲ့ပါတယ်။ အဲဒီ “ရေချမ်းစင်ရွာ”လေးကတော့ မြန်မာပြည် မြောက်ဖျား ခါကာဘိုရာဇီက အစပြုစီးဆင်းလာပြီး မြန်မာပြည် တောင်ဖျားမှာလက်ပြနှုတ်ဆက်သွားတဲ့ ဧရာဝတီ မြစ်မင်းဧရာကြီးရဲ့ အနောက်ဘက်ကမ်းပါးပေါ်က ရွာလေးပါ။ လူသိနည်းပြီး ဘာမှထင်ထင် ရှားရှားမရှိသေးတဲ့ တောရွာလေးမှာ ကျွန်တော် လူလားမြောက်ခဲ့ရပါ တယ်။ ကျွန်တော့် ရွာလေးက ဧရာဝတီမြစ်ကြီးနဲ့ မုန်းချောင်းကလေးကြား မှာတည်ရှိ ပါတယ်။ ၀ါတွင်းကာလ ဘုရား ငါးများ လာရောက်ဖူးမြော် ၀ါဆိုတဲ့ ကျောင်းတော်ရာဘုရား ကြီးရဲ့ ခြေရင်းမှာ လဲလျောင်း နေတဲ့ ရွာလေးတစ်ရွာ ပါဘဲ။ “ရေချမ်းစင်ရွာ” ဆိုတဲ့အမည် နဲ့ လိုက်အောင် အရမ်းကိုသာယာအေးချမ်းပါတယ်။ ရွာကိုလာရောက် လည်ပတ်သူတိုင်းလည်း ကြည်နူး ချမ်းမြေ့ကြပါတယ်။