Saturday, August 16, 2008

ဝေဒနာ

ငါ့နှလုံးသွေးနဲ့ ငါ့မျက်ရည်စက်ကို
မလိုချင်ပါနဲ့ချစ်သူရယ်။
နှမြောတွန့်တိုစိတ်မျိုးလည်း မရှိရိုးအမှန်ပါ။
ဖြူစင်မြင့်မြတ်ခြင်းတွေ အလေးအနက်ထားပြီး
အေးချမ်းသာယာခဲ့တဲ့ ချစ်သူတို့ရဲ့ ရာဇ၀င်မှာ
မင်းကို---
မြူတစ်မှုံမျှ
အမည်းစက်မစွန်းထင်းစေချင်ဘူးလေ။
ကောက်ကွေ့ စွာခရီးကြမ်းတွေကို
ခက်ခဲကြမ်းတမ်းစွာဖြတ်သန်း
ကိုယ့်အလွမ်းတွေမှာလည်း
မင်းကို မချမ်းမြေ့စေချင်ဘူးနော်။
ပေးဆပ်ချင်တဲ့ မေတ္တာတရားနဲ့ 
ပိုင်ဆိုင်ချင်တဲ့ အတ္တနှစ်ခုကြား
ငါ့နှလုံးသွေးတွေ တစိမ့်စိမ့်စီးယို
မင်းကို သိပ်ချစ်လို့ပါဆိုတာ-------------။

No comments: